Home သတင်းများ သတင်းများ တရားစခန်းရိပ်သာသစ်ဆောက်လုပ်ရေး သတင်း

ပိုင်းလော့ဆရာတော်အရှင်ဇေယျပဏ္ဍိတ

Wednesday
Apr 23rd

တရားစခန်းရိပ်သာသစ်ဆောက်လုပ်ရေး သတင်း

E-mail Print PDF

မင်္ဂလာပါဓမ္မမိတ်ဆွေများခင်ဗျား

မိုးညှငိးသိင်္ဂီ ရက်ရှည် တရားစခန်းရိပ်သာသစ် ကို ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း တိုက်နယ် တွင် ဖွင့်လှစ်နိုင်စေရေး အတွက် မြေအလှူရှင် ပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၂ ဧကရှိသော တရား စခန်းမြေနေရာ အလှူ ရှင်များ ကတော့ ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် ကမ္ဘာအေး ဗီလာ အိမ်ယာ နေ ဗိုလ်မှူး ကြီး စံအေးလှ (ငြိမ်း) + ဒေါ်ခင်မာဝင်းချစ် မိသားစု က ဆရာတော် ဘုရားထံလှူ ဒါန်း ထားပြီး ဖြစ်ပါတယ်။ စခန်းသစ် အတွက် စတင်ဆောင်ရွက်မဲ့ အစီအစဉ် ကတော့ အုတ်ခြံစည်းရိုး ခတ်ခြင်း ဖြစ်ပါတယ်။

ကျောင်းဒါယကာ ၊ ဒါယကာမ အဖြစ် ပါဝင် လှူဒါန်း လိုသူများက အလျား ၈ပေ၊ အမြင့် ၆ပေ အတွက် ကျပ်ငွေ ၄သိန်းခွဲ (၄၅၀၀၀၀ ကျပ်တိတိ) ကို ဆရာတော် ဘုရား၏ ကပ္ပိယ ကာရက တပည့်ရင်း ဦးနေရီ ထံတွင် စတင် လှူ ဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါး ဖေါ်ပြ အပ်ပါတယ်။အလှူရှင် တို့၏ အမည် များကိုအုတ်နံရံ တံတိုင်းတွင် ကဗ္ပည်းထိုး ဖေါ်ပြပေးမှာဖြစ်ပါတယ်။

ဆက်သွယ်ရန် လိပ်စာ 

 
၁၆ ရက်ကွက်၊ အမှတ် ၂ လမ်းမကြီး
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်

ရန်ကုန်တိုင်း

ဖုန်း -  (၀၉၅)-၀၉-၅၁၉ ၆၁၂၇

 

 

ဆက်သွယ်ပြောကြား စကားများ


Ads on: Special HTML