ဆရာတော်အား (ပိုင်းလော့ဆရာတော်)ဟုအမည်တွင်ခေါ်ဆိုရခြင်း မှာ ဖခမည်းတော်ဆရာဝန်က ဆေးတိုက်ကို (Pilot) ပိုင်းလော့အမည်၊ လမ်းပြသင်္ဘော တံဆိပ်နှင့်ဖွင့်ခဲ့ပါသည်။ ကလေးဘဝကပင် ပိုင်းလော့လေး ဟု ကျောင်းမှ ဆရာ၊ ဆရာမ များကခေါ်လေ့ရှိပါသည်။ ရဟန်းဘဝရောက်သော်လည်း ပိုင်းလော့ဘုန်းကြီးလေးမှ ပိုင်းလော့ ဆရာတော်ဟု အမည်တွင်နေခဲ့ပါသည်။ ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း လမ်းမှန်သမျှ လမ်းမမှားရအောင် လမ်းပြပို့ဆောင်ပေးသော အဓိပ္ပါယ်ရှိသောကြောင့် ဆရာတော်ကလည်း မတားမြစ်ဘဲ ထားခဲ့ကြောင်း အမိန့်ရှိခဲ့ဘူးပါသည်။



